“🇹🇭 - ထိုင်းနိုင်ငံ”မှာ ခရီးသွားပြည်သူတို့သိထားတဲ့အတိုင်း နိုင်ငံတကာလေယာဉ်ကြီးတွေ အဆင်းများပြီး ထိုင်းနိုင်ငံရဲ့အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်တဲ့ သုဝဏ္ဏဘူမိလေဆိပ်(Suvarnabhumi Airport - BKK)နဲ့ low-cost flightsတွေ အဓိကအဆင်းများပြီး ပြည်တွင်းခရီးစဥ်များနဲ့ပြည်ပခရီးစဥ်များကိုပြေးဆွဲပေးနေတဲ့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်(Don Mueang Airport - DMK)ဆိုပြီး နှစ်ခုရှိပါတယ်။
မြန်မာနိုင်ငံကနေ MAI,MNA,THAI AIRWAYS,AIR AISAအစရှိတဲ့လေကြောင်းလိုင်းတွေက ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့တိုက်ရိုက် ၊ ဒွန်မောင်းလေဆိပ်သို့တိုက်ရိုက်ပြေးဆွဲပေးနေပါတယ်။
ဒီနေရာမှာ ရန်ကုန်ကနေ ဘန်ကောက်ကိုသွားဖို့ပဲအစီအစဥ်ရှိတဲ့ ခရီးသည်တွေအတွက် ကိုယ်ဆင်းချင်တဲ့လေဆိပ်ကိုရွေးချယ်ပြီး လက်မှတ်ဝယ်သွားလိုက်ရင်ရတာမလို့ အဆင်ပြေပေမယ့် ကိုယ်က ရန်ကုန်ကနေ ဒွန်မောင်းကိုဆင်းပြီး သုဝဏ္ဏဘူမိကနေ တခြားနိုင်ငံကို တစ်ဆင့်စီးရမယ့်အခါမျိုးမှာ သုဝဏ္ဏဘူမိလေဆိပ် နဲ့ ဒွန်မောင်းလေဆိပ်ကို ဘယ်လိုကူးပြောင်းရမလဲ လေဆိပ်နှစ်ခုကြား ဘယ်လိုနည်းလမ်းတွေနဲ့ သွားလာလို့ ရမလဲဆိုတာ သိဖို့လိုအပ်တာကြောင့် ရွှေနဂါးဝင်းထွန်းမှပြောပြပေးသွားမှာဖြစ်ပါတယ်🥰။
⭕ပထမဆုံးအနေနဲ့ သုဝဏ္ဏဘူမိလေဆိပ်နဲ့ ဒွန်မောင်းလေဆိပ်နှစ်ခုကြားအကွာအဝေးဘယ်လောက်ရှိလဲ??? ဘယ်မှာရှိတာလဲ???
🔹Don Mueang Airport(ဒွန်မောင်းလေဆိပ်)
စျေးသက်သာသောပြည်တွင်းခရီးစဥ်များနှင့် အချို့ပြည်ပခရီးစဥ်များအတွက်အသုံးပြုနေသော ဒွန်မောင်းလေဆိပ်ကို 1914ခုနှစ်မှာ ဘန်ကောက်မြို့မြောက်ဘက်တွင်ရှိသော ဒွန်မောင်းမြို့နယ်(Don Mueang District)တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အာရှရှိသက်တမ်းအရင့်ဆုံးလေဆိပ်တွေထဲကတစ်ခုအဖြစ်ရပ်တည်နေပါတယ်။
🔹Suvarnabhumi Airport(သုဝဏ္ဏဘူမိလေဆိပ်)
ဘန်ကောက်မြို့၏ အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်တဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည်များပြားလာမှုကြောင့် ပိုမိုများပြားလာတဲ့ခရီးသည်တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးတွေပေးနိုင်စေရန် 2006ခုနှစ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနောက်ဘက်တွင်ရှိသော ဆမ်နပရန် (Samut Prakan)ပြည်နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။
လေဆိပ်နှစ်ခုရဲ့ အကွာအဝေးကတော့ ၄၀ကီလိုမီတာခန့်ရှိပြီး ကြာချိန်ကတော့ ဘန်ကောက်မြို့၏ယာဥ်ကြောပိတ်မှုမပိတ်မှုပေါ်မူတည်ပြီး ၄၀မီနစ်ကနေ ၁နာရီကျော်ခန့်ကြာမြင့်နိုင်ပါတယ်။
ကဲ... အခု လေယာဥ်နှစ်ခုကြားအကွာအဝေးကိုသိရပြီဆိုတော့ လေဆိပ်နှစ်ခုကြား ဘယ်လိုနည်းလမ်းတွေနဲ့ သွားလာလို့ ရမလဲဆိုတာ ဆက်ပြောပြပေးသွားပါမယ်နော်🥰
1️⃣𝗔𝗶𝗿𝗽𝗼𝗿𝘁 𝗦𝗵𝘂𝘁𝘁𝗹𝗲 𝗕𝘂𝘀(အခမဲ့)
Suvarnabhumi လေဆိပ်နှင့် Don Mueang လေဆိပ်ကြား Shuttle Bus ဝန်ဆောင်မှုကို အခမဲ့ရရှိနိုင်ပြီး လေဆိပ်နှစ်ခုကြားပြေးလွှားကြရမယ့် ခရီးသည်တွေအတွက် တကယ်ကိုအကျိုးရှိစေနိုင်မယ့် ဝန်ဆောင်မှုပဲဖြစ်ပါတယ်။
Shuttle serviceကိုမနက် ၅:၀၀ မှ ည ၁၀:၀၀ အထိဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။
ကဲ... ဒါဆို Shuttle serviceကိုဘယ်လိုရယူမလဲ???
ဒါကတော့ လွယ်ပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ လေဆိပ်နှစ်ခုကြားအမှန်ပြေးလွှားရမယ့်ခရီးသည်ဖြစ်ဖို့တော့လိုတယ်နော်။ သက်သေပြဖို့ကတော့ ဒွန်မောင်း ဒါမှမဟုတ် သုဝဏ္ဏဘူမိ လေဆိပ်ကိုစီးထားတဲ့လေယာဉ်လက်မှတ်(သို့)ဒွန်မောင်း ဒါမှမဟုတ် သုဝဏ္ဏဘူမိ လေဆိပ်မှထွက်ခွာမည့် လေယာဉ်လက်မှတ်ကို Shuttle counterမှာပြလိုက်ရုံပါပဲ။
Shuttle busတွေကတော့ ၁၅မီနစ်ကနေ နာရီဝက်ခြားတစ်စီးထွက်လေ့ရှိပါတယ်။ခရီးသွားချိန်ကတော့ ၄၅မီနစ်ကနေ တစ်နာအထိကြာမြင့်နိုင်ပါတယ်။(ယာဥ်ကြောပိတ်မပိတ်ပေါ်မူတည်ပါတယ်)
.....................
2️⃣𝗧𝗮𝘅𝗶 (𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗖𝗮𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲)
လေဆိပ်နှစ်ခုလုံးမှာ Airport taxiဝန်ဆောင်မှုသီးသန့်နေရာထားရှိထားပြီး ယာဥ်စီးခကို မီတာ(Meter)စနစ်ဖြင့် သတ်မှတ်ပေးထားတာကြောင့် ယာဥ်စီးခပိုပေးရတာမျိုးတွေကင်းရှင်းတာမလို့ အလိမ်ခံရမှာတော့ စိုးရိမ်စရာမလိုပါဘူးနော်။လေဆိပ်တွင်း Meta taxi serviceရယူမယ်ဆိုပါက ပုံမှန်နဲ့မတူဘဲ အပိုဝန်ဆောင်ခ thai baht 50 ပိုပေးရပါတယ်။
ယာဥ်ကြောပိတ်ဆို့မှုကို မကြိုက်တဲ့လူတွေ ဆန့်ကျင်ဘက်လေဆိပ်မှအခြားနိုင်ငံသို့ထွက်ခွာမည့်ခရီးစဥ်အတွက် transit hoursအရမ်းကပ်နေလို့ အမြန်ဆုံးအရောက်သွားမှရမယ့်လူတွေ၊အရေးပေါ်ခရီးသည်တွေကတော့ taxi driverကို High wayလမ်းကိုအသုံးပြုပြီးသွားခိုင်းလို့ရတယ်ဆိုတာလည်း သိထားဖို့လိုမယ်နော်။ အဲလိုသွားမယ်ဆိုရင်တော့ အသုံးပြုတဲ့ High Wayလမ်းပေါ်မူတည်ပြီး အမြန်လမ်းကြေးတော့ပေးဆောင်ရပါမယ်။
ဒီနည်းကိုအသုံးပြုတာက ယာဥ်စီးခပိုကုန်နိုင်ပေမယ့် လမ်းပိတ်ဆို့မှုမရှိတဲ့အတွက် အရေးတကြီးသွားရမယ့်လူတွေ ရွေးချယ်အသုံးပြုသင့်ပါတယ်။
.....................
3️⃣𝗣𝘂𝗯𝗹𝗶𝗰 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 (𝗧𝗿𝗮𝗶𝗻)
ဒီနည်းလမ်းကတော့ နည်းနည်းတော့အလုပ်ရှုပ်ပေမယ့် budget saveဖြစ်ပါတယ်
လေဆိပ်နှစ်ခုကြား တိုက်ရိုက်ပြေးဆွဲတဲ့ ရထားမရှိသေးတာမလို့ ရထားလိုင်းတွေအဆင့်ဆင့်တော့ပြောင်းစီးဖို့လိုပါမယ်။
ဒွန်မောင်းလေဆိပ်ကနေ စစီးမယ်ဆို
✔️လေဆိပ်အပြင်ဖက်ကနေ SRT Red Line(State Railway of Thailandအနီရောင်လိုင်း)ရထားကို Bang Sue Grandဘူတာအထိ စီးပါ
ရထားစီးခ ၃၀ ဘတ် - ကြာမြင့်ချိန် ၂၀မီနစ်
✔️Bang Sue Grand ဘူတာမှာ MRT Blue Line (MASS rapid transit အပြာလိုင်း)ရထားကို Phetchaburi ဘူတာအထိ စီးပါ ၊၊ Phetchaburi(MRT)ကနေ Airport Rail Link(ARL)ရထားလိုင်းကို ပြောင်းစီးနိုင်ပါတယ် ရထားစီးခ ၃၇ ဘတ် - ကြာမြင့်ချိန် ၂၀မီနစ်
✔️MRT Phetchaburi ဘူတာကနေ (၅)မိနစ်လောက် လမ်းလျှောက်သွားတာနဲ့ Airport Rail Link ရထားလိုင်းရဲ့ Makkasan ဆိုတဲ့ဘူတာကိုရောက်ပါမယ် ၊၊ Makkasan(ARL)ကနေ ရထားစီးရင်သုဝဏဘူမိလေဆိပ်အဆောက်အဦးထဲထိ ရောက်ပါမယ်။
ရထားစီးခ ၃၅ ဘတ် - ကြာမြင့်ချိန် ၂၂မီနစ်
အသေးစိတ်ရှင်းပြထားတဲ့ youtube video linkလေးကိုပါ commentထဲထည့်ပေးထားပါတယ်နော်
ခရီးသွားပြည်သူများအဆင်ပြေစေရန် ရွှေနဂါးဝင်းထွန်းမှနည်းလမ်းကောင်းများကိုမျှဝေပေးလိုက်ပါတယ်၊သာယာပျော်ရွှင်သောခရီးစဥ်များပိုင်ဆိုင်နိုင်ပါစေ။
#Suvarnabhumi #DonMueang #bangkok #thailand #shwenagarwinhtun #knowledge


Address
Office No. 62, Thama Deikhti Road, Ma Hlwa Gone Htay Kywe Ward, Kyauk Myaung, Tamwe Township, Yangon
Contacts
Yangon Head Office - Myanmar
+959 882 500 022, +959 422 228 876, +959 666 694 343, +959 447 323 727
Bangkok Office - Thailand
+66984717825 , +66984717857
marketing@sngwhtravel.com
Subscribe to our newsletter


WeChat Scan
Our Official Social Platform
